Sunday, November 8, 2015

အန္တရာယ်အများဆုံးလေဆိပ်များ

1. Svalbard Airport, Norway Longyearbyen မြို.ကနေ ၃ ကီလိုမီတာ အကွာမှာ တည်ရှိပြီး Svalbard ရဲ. အကြီးမားဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ် ။ Svalbard လေဆိပ်ဟာ ကမ္ဘာ့မြောက်ဖက်ပိုင်းအကျဆုံး လေဆိပ်တစ်ခု ဖြစ်ပါတယ် ။ လေဆိပ်ကို သမုဒ္ဒရာပြင်ကြီး နဲ့ ထူထဲလွန်းတဲ့ တောင်တွေက ဝန်းရံထားပြီး ဒီလေယာဉ်ကွင်းမှာ မတော်တဆမှုတွေကြောင့် လူပေါင်း ၁၄၁ ယောက် သေဆုံးခဲ့ပါတယ် ။ 2. Kai Tak Airport, Hong Kong မိုးမျှော်တိုက်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ ဟောင်ကောင်မြို.မှာ ရှိတဲ့လေဆိပ်ပါ ။ Kai Tak လေဆိပ်ကို အန္တရာယ်များလွန်းတဲ့အတွက် ၁၉၉၈ ခုနှစ်က ပိတ်လိုက်ပါတယ် ။ ဒီလေယာဉ်ကွင်းကို ကြောက်စရာ ကောင်းတဲ့ လေယာဉ်ကွင်းတွေရဲ. မိခင် လို့ လူသိများလှပါတယ် ။ 3. Los Angeles International Airport, California, US ၂၀၁၄ ခုနှစ်အတွင်းမှာ ဒီ နိုင်ငံတကာလေဆိပ်ကြီးဟာ ခရီးသည်ပေါင်း သန်း ၇၀ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ. အလုပ်အများဆုံး လေဆိပ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ် ။ များစွာသော လေယာဉ်ပျက်ကျမှုတွေ ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ၊ ဗုံးပေါက်ကွဲမှုတွေကြောင့် ဒီလေဆိပ်ဟာလည်း အန္တရာယ်အများဆုံး လေဆိပ်တွေထဲက တစ်ခုဖြစ်နေတာပါ ။ 4. Princess Juliana International Airport, Saint Martin ဒီနိုင်ငံတကာလေဆိပ်ကြီးဟာ ကာရေဘီယံပင်လယ်ထဲက စိန့်မာတင်ကျွန်းမှာ တည်ရှိပြီး နယ်မြေတွေဒသတွေကို ပြင်သစ်နဲ့ နယ်သာလန် (ဟော်လန်) တို့က ပိုင်ဆိုင်ပါတယ် ။ ဒီလေဆိပ်ဟာ ပင်လယ်ကမ်းခြေနဲ့ အလွန်နီးကပ်စွာ တည်ရှိပြီး လူတွေနဲ့ အလွန်နီးကပ်စွာ ပျံသန်းနေတဲ့ ဒီပုံကြောင့် လူသိများလာပါတယ် ။ 5. Tenzing-Hillary Airport, Nepal Tenzing-Hillary ဟာ နီပေါနိုင်ငံ Lukla မြို.ရဲ. ၃ ကီလိုမီတာ အကွာမှာတည်ရှိပြီး Lukla လေဆိပ်လို့လည်း သိကြပါတယ် ။ ဒီလေဆိပ်ဟာ လေကြမ်းတွေ တိုက်ခတ်မှု ၊ တိမ်တွေအမြဲလိုလို ဖုံးအုပ်နေမှု နဲ့ အမြဲတမ်းလိုလို ပြောင်းလဲနေတဲ့ ရာသီဥတဆိုးကြောင့် အန္တရာယ်များတဲ့ လေဆိပ်အဖြစ် သတ်မှတ်ခံထားရပါတယ် ။

No comments:

Post a Comment