Sunday, November 8, 2015

အန္တရာယ်အများဆုံးလေဆိပ်များ

1. Svalbard Airport, Norway Longyearbyen မြို.ကနေ ၃ ကီလိုမီတာ အကွာမှာ တည်ရှိပြီး Svalbard ရဲ. အကြီးမားဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ် ။ Svalbard လေဆိပ်ဟာ ကမ္ဘာ့မြောက်ဖက်ပိုင်းအကျဆုံး လေဆိပ်တစ်ခု ဖြစ်ပါတယ် ။ လေဆိပ်ကို သမုဒ္ဒရာပြင်ကြီး နဲ့ ထူထဲလွန်းတဲ့ တောင်တွေက ဝန်းရံထားပြီး ဒီလေယာဉ်ကွင်းမှာ မတော်တဆမှုတွေကြောင့် လူပေါင်း ၁၄၁ ယောက် သေဆုံးခဲ့ပါတယ် ။ 2. Kai Tak Airport, Hong Kong မိုးမျှော်တိုက်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ ဟောင်ကောင်မြို.မှာ ရှိတဲ့လေဆိပ်ပါ ။ Kai Tak လေဆိပ်ကို အန္တရာယ်များလွန်းတဲ့အတွက် ၁၉၉၈ ခုနှစ်က ပိတ်လိုက်ပါတယ် ။ ဒီလေယာဉ်ကွင်းကို ကြောက်စရာ ကောင်းတဲ့ လေယာဉ်ကွင်းတွေရဲ. မိခင် လို့ လူသိများလှပါတယ် ။ 3. Los Angeles International Airport, California, US ၂၀၁၄ ခုနှစ်အတွင်းမှာ ဒီ နိုင်ငံတကာလေဆိပ်ကြီးဟာ ခရီးသည်ပေါင်း သန်း ၇၀ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ. အလုပ်အများဆုံး လေဆိပ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ် ။ များစွာသော လေယာဉ်ပျက်ကျမှုတွေ ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ၊ ဗုံးပေါက်ကွဲမှုတွေကြောင့် ဒီလေဆိပ်ဟာလည်း အန္တရာယ်အများဆုံး လေဆိပ်တွေထဲက တစ်ခုဖြစ်နေတာပါ ။ 4. Princess Juliana International Airport, Saint Martin ဒီနိုင်ငံတကာလေဆိပ်ကြီးဟာ ကာရေဘီယံပင်လယ်ထဲက စိန့်မာတင်ကျွန်းမှာ တည်ရှိပြီး နယ်မြေတွေဒသတွေကို ပြင်သစ်နဲ့ နယ်သာလန် (ဟော်လန်) တို့က ပိုင်ဆိုင်ပါတယ် ။ ဒီလေဆိပ်ဟာ ပင်လယ်ကမ်းခြေနဲ့ အလွန်နီးကပ်စွာ တည်ရှိပြီး လူတွေနဲ့ အလွန်နီးကပ်စွာ ပျံသန်းနေတဲ့ ဒီပုံကြောင့် လူသိများလာပါတယ် ။ 5. Tenzing-Hillary Airport, Nepal Tenzing-Hillary ဟာ နီပေါနိုင်ငံ Lukla မြို.ရဲ. ၃ ကီလိုမီတာ အကွာမှာတည်ရှိပြီး Lukla လေဆိပ်လို့လည်း သိကြပါတယ် ။ ဒီလေဆိပ်ဟာ လေကြမ်းတွေ တိုက်ခတ်မှု ၊ တိမ်တွေအမြဲလိုလို ဖုံးအုပ်နေမှု နဲ့ အမြဲတမ်းလိုလို ပြောင်းလဲနေတဲ့ ရာသီဥတဆိုးကြောင့် အန္တရာယ်များတဲ့ လေဆိပ်အဖြစ် သတ်မှတ်ခံထားရပါတယ် ။

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း

www.simcard2use.comSim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း



Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း။ ဆောဝဲမလို အင်တာနက်လိုင်းမလို ပိုက်ဆံမစားဘူး။ တကယ်အသုံးဝင်တာနော်။

ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာ အခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်း တွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာ အ၀င် Call လက်ခံလို့ရမယ်ဗျ။ အဲတာဆိုရင် Telenor Sim တခုထဲမှာ MPT ရော Telenor နံပါတ်ပါ နှစ်ခုလုံး အ၀င်ခေါ်လက်ခံလို့ရပြီဗျ။ လုံးဝ Free နော် ကျနော် လက်တွေ့ စမ်းသပ်ပြီး သုံးနေပါတယ်။ ဒီနည်းကို MPT မူရင်း Page ကနေ တင်ထားတာတွေ့လို့ စမ်းကြည့်တာ အဆင်ပြေလို့ ပြန်မျှဝေပေးတာပါ။ Ooredoo သုံးသမားတွေလည်းယခုနည်းအတိုင်းလုပ်လို့ရပါတယ်။ အတူတူပါပဲ။

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်ကို Telenor/Ooredoo နံပါတ်ထဲမှာ အ၀င် call လက်ခံလို့ရတဲ့နည်းနော်။ MPT Sim ကို ဖုန်းထဲကနေထုတ်ထားလည်း MPT ကို Call ရင် Telenor ထဲ ၀င်သွားမှာပါ။ အဲတာဆို Sim တကတ်ထဲဖုန်းက နံပါတ် ၂ ခုအ၀င်လက်ခံလို့ရပြီပေါ့။ အရမ်းအသုံးဝင်တာနော် ကဲအောက်ကနည်းအတိုင်း လိုက်လုပ်ကြပါဗျာ အဆင်ပြေပါစေ။ ကျနော် ကိုယ်တိုင် စမ်းထားတာမို့ စိတ်ချလက်ချ ဒီနည်းကို သုံးနိုင်ပါတယ်။ ကဲ စမယ်ဗျာ ---

- အရင်ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်ထားပါ။
- 1331ကို CF လို့ ရေးပြီး SMS ပို့ပါ။ ခနနေရင် SMS တခု ပြန်ဝင်လာပါမယ်။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်တဲ့ ကတ် Telenor/Ooredoo နံပတ်ကို *21*09×××××××××# လို့ရိုက်ပြီး Call နိပ်လိုက်ပါ။ ခနနေဆို Success ဖြစ်တဲ့ စာပြလာရင် အောင်မြင်ပါပြီ။ အဲတာဆို MPT Card ကို ထုတ်လိုက်လို့ရပြီ ခုနက ထည့်ထားတဲ့ နံပါတ် Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်လိုက်ပါ။ အဲတာဆို အားလုံး အဆင်ပြေပါပြီ။

MPT နံပါတ်ပဲခေါ်ခေါ် Telenor နံပါတ်ပဲခေါ်ခေါ် ကိုထည့်ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်လာမှာဖြစ်ပါတယ်။ အဲတာဆို Sim တခုထဲကို နံပါတ် ၂ ခုအ၀င် Call လက်ခံလို့ရပါပြီ။ ကျနော် လက်တွေ့ စမ်းထားတာမို့ မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့နော်။ ဖုန်းနဲ့ ရေးတင်တာမို့ ပုံနှင့်တကွ မပြနိုင်တာ ခွင့်လွှတ်ပါနော်။

အားလုံးအဆင်ပြေပါစေ

အဆင်မပြေသောသူများ ပြန်ဖြုတ်ချင်လျှင်

MPT Sim ကဒ် ထည့်ပြီး 1331 သို့
CF OFF လို့ရိုက်ပြီး message ပြန်ရိုက်လိုက်ပါ ။

Call forwording ပြန်ပြုတ်သွားပြီး နဂိုကအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။
ref: ရက္ခ အားမာန်
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Visit website




Sent from Samsung Mobile.

pagemaker စာမျက်နှာနံပါတ်တတ်နည်းလေးပါ

Pagemakerမှာ စာမျက်နှာနံပါတ်တပ်နည်း
----------------------------------------------
pagemakerမှာစာမျက်နှာနံပါတ်တပ်မယ်ဆိုရင် အရင်ဆုံး Master Page ထဲဝင်ရမှာပါ။
master page ဆိုတာက ကိုယ်ယူထားတဲ့စာရွက်နံပါတ်တွေရဲ့ ရှေ့ဆုံးက R သို့မဟုတ် LR ပြထားတဲ့နေရာကို ထောက်လိုက်ရင်ရောက်မှာဖြစ်ပါတယ်။LR/Rက စာရွက်ယူရာမှာSingle လား Double လား စသဖြင့်ယူတဲ့အပေါ်မှာမူတည်ပါတယ်။လောလောဆယ်R လို့ပဲထားပြီး အဲ့ပေါ်ကလစ်နှိပ်ဝင်လိုက်ရင်MasterPageကိုရောက်ပါတယ်။Master Pageမှာ ကိုယ်ရေးထားသမျှဟာ ကိုယ်ယူထားတဲ့စာမျက်နှာတွေအားလုံးမှာ ပါနေမှာဖြစ်ပါတယ်။ဥပမာ ၀တ္ထုစာအုပ်တွေရဲ့ အပေါ်နားမှာ  ၀တ္ထုရဲ့နာမည် ဟာ စာမျက်နှာတိုင်းမှာပါသလိုမျိုးဆို MasterPageရဲ့အပေါ်နားမှာ ရေးထားလိုက်တာမျိုးပါ။Master Page မှာ A လို့ရိုက်ထားရင် နောက်စာမျက်နှာတိုင်းမှာ A ဆိုတာပါနေမှာဖြစ်ပါတယ်။ကဲစာမျက်နှာ တပ်နည်းက Master Page မှာ Cusor ကိုချပါ။Cusor ကို မိမိ စာမျက်နှာနံပါတ်ထားမယ်နေရာမှာ ချရမှာဖြစ်ပါတယ်။စာမျက်နှာအောက်ခြေ ဒါမှမဟုတ် အပေါ် ထောင့်၊လယ် နေရာတွေမှာတပ်လေ့ရှိပါတယ်။နေရာချပြီးတာနဲ့ ကီးဘုတ်Shortcut တွေဖြစ်တဲ့ CtrL+Alt+P ကိုတွဲနှိပ်လိုက်ပါ။ဒါဆိုရင် RM ဆိုတာလေးပေါ်လာပါလိမ့်မယ်။Doubleယူထားရင်တော့RM နဲ့ တစ်ဖက်မှာ LMလို့ပေါ်ပါတယ်။ ဒါဆိုရင် နောက်စာမျက်နှာတွေမှာ အစဉ်လိုက် 1,2,3,4...စသဖြင့် စာမျက်နှာနံပါတ်တွေတပ်ပေးသွားပါလိမ့်မယ်။စာမျက်နှာနံပါတ်ကို
မြန်မာလိုတပ်မှာဆိုရင်တော့ RM/LM တွေကို Selectမှတ်ပြီး မြန်မာဖောင့် တစ်ခုခုပြောင်းပေးလိုက်ပါမြန်မာလိုစာမျက်နှာနံပတ်တပ်ပေးပါလိမ့်မယ်ခင် ဗျာwww.pagemaker.com

ဧရာဝတီရဲ့မဲဇာ ကျွန်တော်တို့ရဲ့ လေးမျက်နှာမြို့လေးသမိုင်းကြောင်းပါ









www.Ayawaddylaymyethnahistory.com

မြန်မာရှားပါးပန်ချီပုံများ


























မြန်မာရှားပါးပန်းချီပုံများwww.myamnarrarepicture.comwww.myamnarrarepicture.com